Huawei GR5 အသစ်ဖုန်း



Huawei သည် ၂၀၁၆ ခုနှစ်အတွက် ဖုန်းအသစ်နှစ်မျိုးကို မိတ်ဆက်ပွဲ ကျင်းပလာပါတယ်။ GR 5 စမတ်ဖုန်းကို ရန်ကုန်မြို့၊ မြန်မာပလာဇာတွင် မိတ်ဆက်ပွဲကျင်းပပြုလုပ်ခဲ့ပြီး Mate 8 ကိုတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင် မိတ်ဆက်ခဲ့ပါတယ်။ Mate 8 မိတ်ဆက်သည့် အခမ်းအနားတွင်လည်း GR 5 ဖုန်းများကို ခင်းကျင်းပြသ ထားပြီး GR 5 ဖုန်းအကြောင်းကိုလည်း အနည်းငယ်ပြောကြားခဲ့ပါတယ်။ GR 5 ဖုန်းတွင်အဆင့်မြင့် လက်ဗွေရာ စနစ်ကိုအသုံးပြုခြင်းဖြင့် ၀.၅စက္ကန့်အတွင်း ဖုန်း Lock ဖွင့်နိုင်ကာ ဖုန်း မျက်နှာပြင်ကိုဖော်ပြပေးရုံတင်မကဘဲ ဖုန်းဖြေဆိုခြင်း(သို့မဟုတ်) နှိုးစက်ပိတ်ခြင်းနှင့်ဓာတ်ပုံ၊ ဗီဒီယိုများကိုမြန်ဆန်စွာရိုက်ကူးနိုင်ခြင်း စသည့် လုပ်ဆောင်ချက်များကိုပါ ပြုလုပ်နိုင်ပါသည်။

 Fingerprint sensor ပေါ်တွင် လက်ဖြင့်အပေါ်အောက်ပွတ်ဆွဲခြင်း ဖြင့် notification bar ကိုကြည့်နိုင်၊ ပိတ်နိုင်ခြင်း၊ notification bar ကို ကြည့်နေချိန်တွင် fingerprint Sensor ပေါ်သို့ လက်ဖြင့်၂ချက်ထိလိုက်ပါက notification alert များကိုဖယ်ရှား ပေးပြီး notification bar ကို အပေါ် သို့ပြန်တင် နိုင်ခြင်းကဲ့သို့သော အခြား စမတ်ဖုန်းများတွင် မပါဝင်သည့် ဆန်းသစ်သောလုပ်ဆောင်ချက်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ Finger Print Sensor နှင့်ပတ်သက်၍ (၁၃)မျိုး အသုံးပြုနိုင်မည်ဖြစ်ပါသည်။ Huawei GR5သည် အကောင်းဆုံး လက်မှု ပညာဖြင့်ပြုလုပ်ထားသော အံ့သြမှင်သက်ဖွယ် စမတ်ဖုန်းအမျိုးအစားဖြစ်ပါ သည်။

လက်တစ်ဖက်တည်းဖြင့် အသုံးပြုနိုင်ရန် ဖန်တီးထားသော Huawei GR5 တွင် ၀.၈ မီလီမီတာ ရှိသည့် အလူမီနီယံသတ္ထုစပ်ဖြင့်ပြုလုပ်ထားပြီး သတ္ထု အပြည့်ပေါင်းစပ် ကိုယ်ထည်ရှိသည်။ ကျောဘက်တွင် 3D မျဉ်းကွေးပုံစံ ဖြစ်စေရန် အသွင်ဖော်ထားပြီး သတ္ထုကြိုးမျှင်ပုံဆွဲမျဉ်းကြောင်းများပါရှိကာ ခံစားမှုဒီဇိုင်းကို ဦးတည် ဆောင်ရွက်ထားသည်။ အပြင်သွားသည့်အခါ 
(သို့မဟုတ်) နေရာသစ်များကိုရောက်ရှိသည့် အချိန်အခါမျိုးတွင် တက်သစ်စ ဓာတ်ပုံဆရာများနှင့် နေရာသစ်ကိုမှတ်တမ်းတင်ရန် ၀ါသနာပါသူများ အတွက် လက်ရှိအဖြစ်အပျက်နှင့် အသုံးပြုသူများကို ပုံအရည်အသွေး ချိန်ညှိရန်မလိုအပ်ဘဲ Huawei GR5 က ပြီးပြည့်စုံသောပုံရိပ်များရရှိနိုင် ပါသည်။ CMOS ဆင်ဆာပါဝင်ပြီး အလင်းဝင်ပေါက် F2.0 ပါဝင်သည့် ကျောဘက်ကင်မရာ 13MP, 7cm အသေးစားရိုက်ကူးမှုနှင့် အရှေ့ဘက် ကင်မရာ 5MP တို့ပါဝင်ပါသည်။ ဤကဲ့သို့လုပ်ဆောင်ချက်များအပြင် ကင်မရာအနှေးရွေ့လျားမှု (Slow Motion)နှင့် Times Lapse လုပ်ဆောင်ချက်များပါဝင်ကာ သုံးစွဲသူများအ တွက် ဓာတ်ပုံရိုက်ကူးရန်နှင့် ဖန်တီးမှုများကိုပြန်လည်မျှဝေနိုင်ရန်အတွက် အကောင်းဆုံးဖြစ်ပါသည်။

ယခုခေတ် စားနေသော အစားအသောက်ဟင်းပွဲများကို ဓာတ်ပုံရိုက်ကူးပြီး ဆိုရှယ်မီဒီယာများတွင် ပြန်လည်မျှဝေနိုင်ရန်အ တွက် Food Mode လုပ်ဆောင်ချက် ပါဝင်သောကြောင့် ဓာတ်ပုံများကိုရိုက်ကူးပြီး ပြင်ဆင်စရာ မလိုတော့ဘဲ ပြီးပြည့်စုံသောရိုက်ချက်များ ရရှိနိုင်မည်ဖြစ်ပါသည်။ Huawei GR5 ၏ 5.5 inches ရှိသော ကြည်လင်ပြတ်သားပြီး အရည်အသွေးမြင့် မျက်နှာပြင်က ဓာတ်ပုံနှင့်ဗီဒီယိုများကို အသက်ဝင်စေရန် အကြည်လင်ဆုံး ဆောင်ကြဉ်းပေးပြီး မြင်ကွင်းများ ကို ပြန်လည်မျှဝေရန်နှင့် အင်တာနက် အသုံးပြုပြီး ရှာဖွေခြင်းကို ပိုမိုလွယ်ကူစေပါသည်။ သာမန်ထက်ထူးခြားသော မျက်နှာပြင်က 158g သာရှိသော ဖုန်း၏အလေးချိန်အပေါ် အကျိုးသက် ရောက်မှုမဖြစ်စေဘဲ ပုံရိပ်များကို ကြည်လင်ပြတ်သားစေသည်။

ပြီးပြည့်စုံသောရိုက်ကူးမှုကိုရရှိရန်နှင့် အဝေးမှ ပင် ကြည့်မြင်နိုင်စွမ်းကို မြှင့်တင်ရန် ဓာတ်ပုံများပေါ်တွင် အရောင်ထွက်ရှိမှုအခြေအနေနှင့် ခြားနားသောအချိုး အစားကို လိုအပ်သလိုချိန်ညှိနိုင်ပါသည်။ ထို့ကြောင့် ကော်ဖီဆိုင်တွင်ရောက်ရှိနေသည်ဖြစ်စေ၊ ပြခန်းတစ်ခုခု (သို့မဟုတ်) မြို့တစ်ပတ်ပတ်ကာ လျှောက်ကြည့်နေသည်ဖြစ်စေ လှုပ်ရှားမှုကို လျှပ်တစ်ပြတ်ရိုက်ချက်များ ဖန်တီးခြင်းဖြင့် အစဉ်အမြဲပျော်ရွှင်စရာ အမှတ်တရများကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။

အသုံးပြုနိုင်မယ့် OS အမျိုး အစားမှာ Android ဖြစ်ပြီး၊ Version မှာ Lollipop ဖြစ်ပါတယ်။ RAM ပမာဏ မှာ 2GB ပါရှိပြီး၊ ROM မှာ 16GB ပါရှိပါသည်။ Huawei GR5 ၏ Qualcomm Snapdragon ပရော်ဆက်ဆာ 616 က လုပ်ဆောင်ချက်များကို အထူး ကောင်းမွန်စေပြီး ဖုန်းတွင်းလုပ်ငန်းစဉ်များကို သုံးစွဲသူများ၏ဆန္ဒနှင့်အညီ ရင်ပေါင်တန်းကာ လုပ်ဆောင် နိုင်ပါသည်။ Huawei GR5 ၏ လွယ်ကူ အဆင်ပြေသော 2A အားသွင်းကြိုးက ခဏတာဖုန်းအားသွင်းရုံဖြင့် အားပြည့်စေပြီး၊ တခြားလုပ်ဆောင်စရာများရှိသဖြင့် ဖုန်းအားသွင်းရန် အချိန်မပေးနိုင်သောသုံးစွဲသူများအ တွက် အထူးကောင်းမွန်ပါသည်။

သင့် ဖုန်းအားသွင်းကြိုးမေ့ကျန်ခဲ့ကာ တစ်နေ့လုံးအသုံးပြုပြီးနောက် ဖုန်းအား မရှိတော့သလိုမျိုးကြုံဖူး မည်ဖြစ်ပါသည်။ ထိုအခက်အခဲများကို Huawei GR 5 က ဖြေရှင်းပေးနိုင်မည်ဖြစ်ပါ သည်။ Huawei ၏ခေတ်ရှေ့ပြေးနည်းပညာဖြင့် ဖန်တီးထားသော 3000 mAh ဘက်ထရီ က ပုံမှန်သုံးစွဲသူများအတွက် ၂ရက်ကနေ ၃ရက်အထိ အသုံးပြုနိုင်မည် ဖြစ်ပါသည်။