Samsung Galaxy S7 & S7 Edge ထုတ်ဖော်ကြေငြာ



ကိုရီယားနိုင်ငံအခြေစိုက်ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီကြီး Samsung က စပိန်နိုင်ငံဘာစီလိုနာMobile World Congress တွင်၎င်းတို့၏ထိပ်တန်းစမတ်ဖုန်းများဖြစ်ကြသော Galaxy S7 နှင့် S7 Edge တို့ကိုကြေငြာမိတ်ဆက်ပေးခဲ့သည်။ Galaxy S7 နှင့် S7 Edge တို့မှာ ယခင်ထွက်ရှိထားသော S6 & S6 Edge တို့နှင့်သွင်ပြင်သဏ္ဌန်ခြားနားမှုသိပ်မရှိသော်လည်း အတွင်းပိုင်ဖွဲစည်းပုံတွင်များစွာအဆင့်မြှင့် ထားသည့်ကိုတွေရှိရသည်။ GS 7 မှာ မျက်နှာပြင်အကျယ် 5.1 inches ရှိပြီး GS 7 Edge မှာ 5.5 inches ရှိကာ Super AMOLED Display ဖြစ်သည်။


မျက်နှာပြင်နှင့် ကျောဘက်ကို Gorilla Glass 5 ဖြင့်ဖုံးအုပ်ထားသဖြင့် အပွန်းအစင်းဒဏ်များကိုကောင်းစွာခံနိုင်ရည်ရှိသည်။ မျက်နှာပြင်အရည်အသွေး Resolution များမှာ S7 (1440× 2560 ) 577 ppi density နှင့် S7 Edge (1440× 2560) 534 ppi density ဖြစ်တာကြောင့် အကောင်းဆုံးအရည်အသွေးအမြှင့်ဆုံးစမတ်ဖုန်းမျက်နှာပြင် များအဖြစ်ဆက်လက်ဦးဆောင်နေဆဲဖြစ်သည်။ CPU အပိုင်းတွင် အမေရိကန် နိုင်ငံမှာ Snapdragon 820 Processor နှင့်ကျန်ဒေသများမှာ Samsung ရဲ့ ကိုယ်ပိုင် Chip ဖြစ်သော Exynos 8990 Octa core processor များတပ်ဆင်ထားသောစမတ်ဖုန်းများကိုရောင်းချမည်ဖြစ်ပြီး မတ်လ 11 ရက်နေ့တွင်စတင်ရောင်းချမည်ဖြစ်သည်။


Memory 32 GB ,64 GB နှစ်မျိုးခွဲခြားထုတ်လုပ်မည်ဖြစ်ပြီး MicroSD Card slot ပြန်လည်ပါဝင်လာမည်ဖြစ်ကာ 200 GB ထိထပ်တိုးအသုံးပြုနိုင်သည်။ Android စမတ်ဖုန်းများတွင်ဖြစ်ပွားတတ်သော အပူလွန်ကဲသည့်ပြသနာကိုဖြေရှင်းရန် water cooling system စနစ်ပါဝင်မည်ဖြစ်ပြီး RAM 4 GB ဖြင့်မောင်းနှင်မည်ဖြစ်သည်။ ထိုစနစ်တပ်ဆင်ရခြင်းအဓိကအကြောင်းမှာ Samsung မှ Gaming Launcher နည်းပညာသစ် ပါဝင်လာမည်ဖြစ်တာကြောင့်အချို့အဆင့်မြှင့် Game များကြောင့်စမတ်ဖုန်းအပူလွန်ကဲခြင်းမျိုးမရှိအောင်ထည့်သွင်းထားခြင်းဖြစ်သည်။

Camera အပိုင်းမှာအထူးအဆင့်မြှင့်ထားတာကိုတွေ့ရမှာဖြစ်ပြီး ကျောဘက်ကင်မရာ ကို Dual Pixel 12 MP (f1.7 ) နှင့် မျက်နှာပြင် 5MP (f1.7)တို့တပ်ဆင်ထားသည်။ သာမာန်ထက်နှစ်ဆ မြှင့်တင်ထားသည့် Dual Pixel system နှင့် DSLR နည်းပညာ (professional ကင်မရာများတွင်အသုံးပြုသော Lens ) သုံး f-stop rating of 1.7 မှန်ဘီလူး ကိုပေါင်းစပ်အသုံးပြုလိုက်ဖြင့် စွမ်းရည် မြှင့်ကင်မရာဖုန်းတစ်လုံးဖြစ်လာစေသည်။အဆိုပာကင်မရာမှာသာမန်အသုံးပြုရုံသာမက အလင်းအားနည်းသောညဘက်များတွင်ရိုက်ကူးသောဓာတ်ပုံများမှာလည်း အရည်အသွေး အလွန်ကောင်းမွန်တာကိုဖော်ထုတ်ကြေငြာခဲ့ပါတယ်။ Fingerprint Scanner ,Heart Rate ,Quick Charge 3.0 စသောစနစ်များပါဝင်သည်။ ထို့ပြင် ရေအနက် 1.5 meter တွင် မိနစ် ၃၀ ကြာရေစိုခံသည့်စနစ် Ingress Protection (IP 68 ) ပါဝင်လာပြီဖြစ်သည်။


Battery များကို Galaxy S7 တွင် 3000 mAh နှင့် Galaxy S7 Edge အတွက် 3600 mAh ဘက်ထရီများတပ်ဆင်ထားပြီးCable Manual အားသွင်းစနစ်အပြင် wireless charge စနစ်လည်းပါဝင်မှာဖြစ်သည်။ Android 6.0 Marshmallow ဖြင့်လည်ပတ်ထားသည်။ ထိုမိတ်ဆက်ပွဲသို့ Facebook CEO Mark Zuckerburg လည်းတက်ရောက်ခဲ့ပြီး Samsung ကုမ္ပဏီ နှင့်လက်တွဲလုပ်ကိုင်လျက်ရှိသော Virtual Reality ( VR)
အစစ်လို့ထင်ရသော ပုံရိပ်ယောင် ဖန်တီးမှုများ ကို Social Network များပေါ်တွင်အသုံးချနိုင်မည့်နည်းများဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

1 မှတ်ချက်:

Samsung Galaxy S7 အတွက်
မြန်မာ font လုပ်နည်းလေး တင်ပေး
ပါအုံး အကို Please .