Sony က အမေရိကန်တွင် Xperia Z5 နှင့် Z5 Compact တို့ကို ရောင်းချ 



Sony က ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အမေရိကန်၌ Xperia Z5 နှင့် Z5 Compact တို့ကို ရောင်းချပေးလိုက်ပါသည်။ Sony ၏ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို Best Buy, B&H,Amazon.com တို့မှနေ၍ ရောင်းချပေးမည်ဖြစ်သည်။

Sony Xperia Z5 နှင့် Z5 Compact တို့တွင် ၅.၂ လက်မ အရွယ် 1080p Full HD Display နှင့် ၄.၆ လက်မအရွယ် 720p HD Triluminous Display အသီးသီး တပ်ဆင်ထားပါသည်။ Snapdragon 810 Chipset ထည့်သွင်းထားပါသည်။ 2GB or 3GB RAM အမျိုးအစားများ ရွေးချယ်နိုင်ပါသည်။ 2700mAh နှင့် 2900mAh Battery များ အသီးသီး ထည့်သွင်းပေးထားပါသည်။ IP68 စံနှုန်းသတ်မှတ်ချက်ရှိပြီး ရေစိုခံနိုင်ပါသည်။ ရေလုံသည့် USB Port များ ပါရှိပါသည်။

Sony က အမေရိကန်တွင် ရောင်းချမည့် Z5 Series များတွင် Fingerprint Sensor ကို ဖယ်ရှားထားပါသည်။ Sony Xperia Z5 ကို ဒေါ်လာ ၅၉၉.၉၉ နှင့် Z5 Compact ကို ဒေါ်လာ ၄၉၉.၉၉ ဖြင့် ရောင်းချပေးနေပါသည်။