Huawei က 4000mAh Battery ပါသော Y6 Pro ကို မိတ်ဆက် 



Huawei က စွမ်းဆောင်ရည်သင့် Y6 Pro ကို မိတ်ဆက်လိုက်ပါသည်။ တရုတ်တွင် မကြာမီက မိတ်ဆက်ခဲ့သော Enjoy 5 ၏ နိုင်ငံတကာ ဗားရှင်းဖြစ်သည့် Y6 Pro တွင် အလွန်ကြီးမားသော ဘက်ထရီ တပ်ဆင်ထားပါသည်။ ရွှေ၊ ငွေနှင့် အညိုရောင်များ ထုတ်လုပ်ပေးထားပါသည်။

Y6 Pro တွင် ငါးလက်မ HD LCD Display တပ်ဆင်ထားပြီး 720x1280 Pixels Resolution ဖြစ်ပါသည်။ 64-Bit Quad-Core 1.3GHz Processor တပ်ဆင်ထားသော MediaTek MT6735 SoC မောင်းနှင်မည်ဖြစ်သည်။ 16GB Internal Storage , 2GB RAM ပါရှိပါသည်။ သို့သော် microSD Card Slot ပါရှိသည်လားဆိုသည်ကို မသိရသေးပါ။

အနောက်ဘက်တွင် 13MP Camera နှင့် အရှေ့ဘက်တွင် 5MP Camera တပ်ဆင်ထားပါသည်။ 4000mAh Battery တပ်ဆင်ထားသဖြင့် တစ်ခါအားသွင်းထားလျှင် ၂ ရက်မှ ၃ ရက် အသုံးခံပါသည်။ Android 5.1 Lollipop နှင့် Huawei Emotion UI 3.1 Lite တို့ကို ပေါင်းစပ်ထားပါသည်။

Dual SIM Phone ဖြစ်ပြီး Bluetooth 4.0, WiFi 802.11 b/g/n, GPS, 4G LTE/3G/2G ဆက်သွယ်မှုများပါရှိပါသည်။ ၁၆၀ ဂရမ် အလေးချိန်ရှိပြီး အရွယ်အစားအပြည့်အစုံမှာ 143.1 x 71.8 x 9.7mm ဖြစ်ပါသည်။ ရောင်းချမည့် ဈေးနှုန်းကို မသိရသေးပါ။