တယ်လီနောမှ SMS Free နှင့် 1မိနစ် 10ကျပ်သာပေးဆောင်ရမယ့် Promotion တစ်ခုပြုလုပ် 



မိမိချစ်ရသူနဲ့ဖုန်းပြောပြီးရင် အခက်ခဲဆုံးအလုပ်က ဖုန်းချဖို့ပဲဖြစ်ပါတယ်။ အခွင့်အရေးသာရမယ်ဆိုရင် ချစ်ရသူနှင့် အမြဲတမ်း ဆက်သွယ်ပြီး စကားတွေပြောချင်တာ အားလုံးပါပဲ။ အခုတော့ တယ်လီနောရဲ့ စူပါစုံတွဲ အစီအစဉ် ကြောင့် ချစ်သူအားလုံး ပိုပိုပြီးဆက်သွယ်၊ ပိုပိုပြီးနီးစပ်နိုင်ပါပြီ။ စူပါစုံတွဲ အစီအစဉ် နဲ့ဆိုရင် တယ်လီနောဖုန်းအချင်းချင်း SMS အကန့်အသတ်မရှိအခမဲ့ပေးပို့နိုင်ပြီး တယ်လီနောဖုန်းအချင်းချင်း တစ်မိနစ်လျှင် ၁၀ကျပ်နှုန်းဖြင့်ဖုန်းခေါ်ဆိုနိုင်မှာဖြစ်တာကြောင့် အခုပဲ 500 ကို SS 09xxxxxxxxx( မိမိချိတ်ဆက်လိုသော ဖုန်းနံပါတ်) ဟုပေးပို့ပြီး စူပါစုံတွဲကိုရယူလိုက်ရအောင်။ 

စူပါစုံတွဲ အစီအစဉ် ကိုဝယ်ယူခြင်းအတွက် ၅၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး အသုံးပြုခွင့်သက်တမ်းမှာ ဝယ်ယူသည့်နေ့မှ တစ်လဖြစ်ပါတယ်ခင်ဗျာ။ မိမိချိတ်ဆက်ထားသော နံပါတ် နှစ်ခုလုံး အပြန်အလှန် SMS အကန့်အသတ်မရှိအခမဲ့ပေးပို့နိုင်ပြီး ချိတ်ဆက်ထားသောဖုန်းအချင်းချင်း တစ်မိနစ်လျှင် ၁၀ကျပ်နှုန်းဖြင့် ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။

ဥပမာ
မောင်မောင် မှ လှလှကို ချိတ်ဆက်လိုလျှင် SS<space>လှလှဖုန်းနံပါတ်ကိုရိုက်မှာဖြစ်ပြီး မောင်မောင် နှင့် လှလှ နှစ်ဦးစလုံး SMS အကန့်အသတ်မရှိအခမဲ့ပေးပို့နိုင်ပြီး ချိတ်ဆက်ထားသောဖုန်းအချင်းချင်း တစ်မိနစ်လျှင် ၁၀ကျပ်နှုန်းဖြင့်ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ လှလှမှ စူပါစုံတွဲကို ထပ်မံ ဝယ်ယူရန်မလိုပါ။ တစ်ဦးသာဝယ်ယူရန်လိုအပ်ပါသည်။