Galaxy Note 6 ကို စတင်ဖြန့်ချိစဉ်ကတည်းက ဗြိတိန်တွင်ရောင်းချမည်



ပြီးခဲ့တဲ့နှစ်မှာ Samsung က ဥရောပတွင် Galaxy Note 5 ကိုမိတ်ဆက်ပွဲ မလုပ်ပေးခဲ့ဘဲအခြား ဒေသ များတွင်စတင်ရောင်းချစဉ်မှာ ဥရောပတွင် ရောင်းချခြင်းမရှိခဲ့တဲ့အတွက် ဝေဖန်မှုများပေါ်ထွက်ခဲ့ပါတယ်။ Samsung က ဥရောပတွင် Galaxy S6 Edge+ တစ်မျိုးတည်းကိုသာ အစောပိုင်းက တည်းကရောင်းချပေးခဲ့ပါ တယ်။

စားသုံးသူများက မျက်နှာပြင်ကွေးတစ်ခု အပိုပါတဲ့ Galaxy S6 Edge+ အစား Samsung ရဲ့ ဒစ်ဂျစ်တယ်ကညစ်တံ S Pen ပါတဲ့ Galaxy Note 5 ကိုသာ အလိုရှိခဲ့တာဖြစ်ပါတယ်။ Samsung က အဲဒီအမှားကို ပြင်ဆင်တော့မယ့်ပုံပေါ်ပါတယ်။ ယခုထွက်ပေါ်လာတဲ့ သတင်းတစ်ရပ်အရ Samsung က ယခုနှစ်မှာမိတ်ဆက်မယ့် စွမ်းဆောင် ရည်မြင့် Galaxy Note 6 ကိုစတင်ရောင်း ချစဉ်ကတည်းက ဗြိတိန်မှာ ရောင်းချပေးမှာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမယ့် Galaxy S7 Edge+ ကို တော့ဗြိတိန်မှာ မိတ်ဆက်မယ့်ပုံ မပေါ်ပါဘူး။

 အဲဒီလိုပဲ ဥရောပမှာလည်း Samsung က Galaxy S7 Edge + ကို မိတ်ဆက်မှာမဟုတ်ဘဲ Galaxy Note 6 ကိုသာ မိတ်ဆက်မယ်လို့ယူဆရပါတယ်။ အဲဒီသတင်းကို ဗြိတိန်ရှိ နာမည်ကြီးမိုဘိုင်းကယ်ရီ ယာတစ်ခုကပြောကြားတာဖြစ်ပါတယ်။ Samsung ရဲ့ အခုလို မူဝါဒပြောင်းလဲမှုဟာ Galaxy Note ပရိသတ် များအတွက် ဖြစ်တယ်လို့ သိရပါတယ်။ Galaxy S6 Edge+ ရဲ့ရောင်းအားဟာ ဗြိတိန်မှာ ညံ့ဖျင်းခဲ့ပါတယ်။ အဲဒီအတွက် Galaxy S7 Edge+ ဟာလည်း ဒီလိုရလဒ် မျိုးပဲ ထွက်ပေါ်လာမယ်လို့ ထင်ရပါတယ်။Galaxy Note 6 ကို သြဂုတ်လမှာ စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းများအရ 5.1 လက်မ Galaxy S7 နဲ့ 5.5 လက်မ S7 Edge တို့ကိုဘာစီလိုနာမှာကျင်းပမယ့် Mobile World Congress တွင်မိတ်ဆက်မှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တွင်မိတ်ဆက်မှာဖြစ်ပြီး မတ်လအစောပိုင်းမှာ ရောင်းချမှာပါ။