ဇူကာဘတ်အိမ်တွင် လုံခြုံရေး ဝန်ထမ်း ၁၇ ဦးထားရ

၂၀၁၁ ခုနှစ်မှာ Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ်ဟာ ပထမဆုံး ကိုယ်ရံတော် (လုံခြုံရေး ဝန်ထမ်း) ခန့်အပ်ပြီး ယင်းဟာ နာမည်ကြီး သတင်း ဖြစ်ခဲ့ ပါတယ်။ ယခုတော့ ယင်း ဝန်ထမ်းဟာ ၁၇ ဦးအထိရှိပြီဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ် Palo Alto က သူ့ရဲ့ အိမ်မှာ နေ့ရော၊ ညပါစောင့်ကြပ်ပေးနေပြီ ဖြစ်ပါတယ်။သူ့ရဲ့ အိမ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၇ သန်းကျော် ရှိပြီး နောက်ထပ် အမေရိကန်ဒေါ်လာပေါင်း များစွာကို အိမ်ခြံမြေ ဝယ်ယူမှုဟာ ဆက်လက်သုံးစွဲ နေပါတယ်။ Facebook အသုံးပြုသူ ၁ဘီလျံခွဲရှိလာခြင်းနဲ့အတူ သူ့ရဲ့ စည်းစိမ် ဟာလည်း အင်မတန် များပြားလာတာ အမှန်ပါပဲ။ လုံခြုံရေးများကို နေ့ဆိုင်း၊ ညဆိုင်း ခန့်အပ်ထားပေမယ့် သူ့အနေနဲ့ တစ်ကိုယ်ရေနဲ့ စည်းစိမ် လုံခြုံရေး အတွက် စိုးရိမ်နေကြောင်း ဆိုပါတယ်။ Facebook အသုံးပြုသူ အချို့ဟာ သူ့ရဲ့ အိမ်လုံခြုံရေးများအကြောင်း သတင်းဖြန့်ခြင်းများ၊ အိမ်ခြံမြေ နေရာနဲ့ ပက်သက်ပြီး သတင်းဖြန့်ခြင်းများလည်း ပြုလုပ်တာကြောင့် သူ့အနေနဲ့ ပိုစိုးရိမ်စရာ ဖြစ်ခဲ့ ပါတယ်။မာ့ခ်ဇူကာဘတ်နေထိုင်တဲ့ အိမ်ရဲ့ ဘေးက အိမ်များရဲ့ ဈေးနှုန်းဟာလည်း အမေရိကန်ဒေါ်လာ ၁၀ သန်းအထပ်မှာ ပေါက်ဈေးရှိကြောင်း သိရ ပါတယ်။.