ခရိုင်မြို့ဖြစ်ပေမယ့် ပတ်ဝန်းကျင်မြို့တွေလောက် တယ်လီဖုန်းလိုင်း မကောင်းတာကြောင့် မြန်မာ့ဆက်သွယ်ရေး (အမ်ပီတီ)နဲ့ မြန်မာ့စီးပွားရေးဦးပိုင် (အမ်အီးစီ) ကို ဆန္ဒဖော်ထုတ်ဖို့ ဟင်္သာတမြို့မှာ စီစဉ်နေပါတယ်။“ဇလွန်၊ ကျုံပျော်မြို့တွေကတောင် လိုင်းကောင်းသေးတယ်။ ခုကတော့ ဖုန်းကဒ် တစ်မျိုးမျိုးကို ရောင်းချင်ပြီဆိုရင် အဲဒီလိုင်းကောင်းနေတယ်။ နောက်တော့ အရင်လို ပြန်မကောင်ဘူး ဖြစ်သွားတာပါပဲ” လို့ ဦးဆောင်စီစဉ်နေသူတဦးဖြစ်တဲ့ ဦးမြင့်နိုင်က ပြောပါတယ်။ဒါဟာ အများနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တာမို့ အားလုံးပါဝင်နိုင်အောင် စီစဉ်နေသလို ဆန္ဒထုတ်ဖော်ရာမှာ ခံစားချက်တွေကို ဖော်ပြတဲ့ ကာတွန်းတွေ အသုံးပြုမှာ ဖြစ်ပြီး ခွင့်ပြုမိန့် တင်သွားမယ်လို့ သူကပြောပါတယ်။ဒေသခံ ဦးဝင်းနိုင်က “ကျနော်တို့ဆိုရင် တယ်လီနောတို့၊ အော်ရီဒူးတို့ကိုပဲ အားကိုးနေရပြီ” လို့ ပြောပါတယ်။ဒီကိစ္စအတွက် ဟင်္သာတ မြန်မာ့ဆက်သွယ်ရေး တာဝန်ခံ ဒေါ်ဝင်းမာအေးကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင် ဖြေဆိုခြင်း မရှိပါဘူး။မြန်မာ့ဆက်သွယ်ရေး ဖုန်းလိုင်းတွေ မကောင်းလို့ ကသာမြို့မှာ ဆန္ဒပြဖို့ ၂ ကြိမ် စီစဉ်ခဲ့တဲ့ နောက်ပိုင်း ဖုန်းလိုင်းတွေ ကောင်းမွန်လာခဲ့ပါတယ်။
Subscribe to:
Post Comments (Atom)