GSM / WCDMA ဖုန်းငွေလက်ကျန် စစ်ဆေးမှုနှင့် ငွေဖြည့်သွင်းမှုများ ရက်ပိုင်းအတွင်း အခက်အခဲ အနည်းငယ်ရှိနိုင

GSM / WCDMA ဖုန်းငွေလက်ကျန် စစ်ဆေးမှုနှင့် ငွေဖြည့်သွင်းမှုများ ရက်ပိုင်းအတွင်း အခက်အခဲ အနည်းငယ် ရှိနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကြေညာ ထားချက်အရ သိရသည်။၎င်းလုပ်ငန်းအား သုံးစွဲသူနည်းပါးသည့် ၀၀း၀၀ နာရီမှ ၀၆း၀၀ နာရီအကြား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကြေညာထားပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီ လ ၇ ရက်တွင် လည်းကောင်း၊ ဇန်နဝါရီလ ၂၅၊ ၂၈ နှင့်၂၉ ရက်များတွင် လည်းကောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ OCS ( Online Charging System ) အား အဆင့်မြှင့်ခြင်း၊ မွမ်းမံခြင်းတို့အား ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ထိုသို့ဆောင်ရွက်နေစဉ်အတွင်း အချို့အချိန်များ၌ GSM / WCDMA သုံးစွဲသူများအနေဖြင့် Data, SMS Service / ငွေဖြည့်သွင်းမှုနှင့် ငွေလက်ကျန် စစ်ဆေးမှုများ အနည်းငယ် အခက်အခဲ ရှိနိုင်ပြီး တယ်လီဖုန်းပြောဆို ဆက်သွယ်မှုများ ပြတ်တောက်မည် မဟုတ်ကြောင်း ကြိုတင်အသိပေးထားသည်။